ACCA ဆိုတာဘာလဲ? ဘာကြောင့် ACCA ကို တက်သင့်လဲ?
ACCA ဆိုတာ နိုင်ငံတကာအသိအမှတ်ပြုခံထားရတဲ့ စာရင်းပညာရှင်အဖွဲ့ အစည်း တစ်ခု ဖြစ်ပါတယ်။ ACCA Qualification နဲ့သာဆိုရင် မြန်မာနိုင်ငံမှာ သာမက နိုင်ငံခြားတွေမှာပါ အလုပ်သွားလုပ်ဖို့ အရမ်းလွယ်ကူစေမှာ ဖြစ်ပါတယ်။
တစ်ခုတော့ရှိပါတယ် ACCA Qualification က ပညာရှင်အဆင့်ဖြစ်တာကြောင့် သင့်တော်တဲ့ အချိန်၊ လုံလ၀ီရိယတော့ စိုက်ထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
နိုင်ငံတကာ အသိအမှတ်ပြုတဲ့ စာရင်းပညာရှင်တစ်ယောက်ဖြစ်ဖို့ က သင့်အိပ်မက်ဆိုရင် အဲဒီအိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ MAS Education Center ကနေ ကူညီပေးနေပါတယ်။
ACCA ကို ဘယ်သူတွေ တက်ရောက်နိုင်လဲ?
ACCA(UK) ဘာသာရပ်များကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများနှင့် LCCI Level (III) ပြီးဆုံးသူများ တက်ရောက်နိုင်ပါသည်။
ACCA(UK) ဘာသာရပ်များအား တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး တက္ကသိုလ် မတက်ရောက်ရ သေးသော ကျောင်းသား/ သူများ အနေနှင့် တက်ရောက်သင်ကြားလိုပါက LCCI Level (III) Diploma ရရှိထားခြင်း ရှိရမည်ဖြစ်ပြီး ACCA(UK) ၏ Knowledge Module မှ FAB, FMA, FFA ဘာသာရပ် (၃) ခု ကို စတင်တက်ရောက်နိုင်ပါသည်။
ACCA ပြီးမြောက်ရန် အောက်ဖော်ပြပါ စုစုပေါင်း (၁၃) ဘာသာနှင့် Professional Ethics Module ဖြေဆို အောင်မြင်ရပါမည်။
ACCA မှာ ဘယ်ဘာသာရပ်တွေကို သင်ကြားလေ့လာခွင့်ရမှာလဲ? ဘယ်နှစ်ဘာသာရှိလဲ?
ACCA မှာ Level 3ခု ရှိပါပြီး စုစုပေါင်း (၁၃)ဘာသာရှိပါတယ်။
1.ပထမဆုံး ဖြစ်တဲ့ Knowledge level မှာ (၃)ဘာသာ ပါရှိပြီး၊ ဖြေဆိုအောင်မြင်သွားပါက Diploma in Accounting and Business ကို ရရှိမှာဖြစ်တယ်။ ဖြေဆိုရမယ့် ဘာသာတွေက
ဒီLevel ကိုတော့ ၂လအပြတ် (Revision Course), 3လအပြတ် (Intensive Course) ဆိုပြီး သင်ကြားပေးနေပါတယ်။ စာမေးပွဲကိုတော့ လစဉ်ဖြေဆိုလို့ရပါတယ်။
2. ဒုတိယအဆင့် ဖြစ်တဲ့ Skill level မှာ (၆)ဘာသာ ပါရှိပြီး၊ ဖြေဆိုအောင်မြင်သွားပါက Advance Diploma in Accounting and Business ကို ရရှိမှာဖြစ်တယ်။ ဖြေဆိုရမယ့် ဘာသာတွေက
ဒီ Skill Level ကိုတော့ 3လအပြတ် (Revision Course) နှင့် ၅လအပြတ် (Regular course) ဆိုပြီး သင်ကြားပေးနေပါတယ်။ စာမေးပွဲကိုတော့ နှစ်စဉ် Mar, Jun, Sep and Dec မှာဖြေဆိုလို့ရပါတယ်။
3. တတိယအဆင့် ဖြစ်တဲ့ Strategic Professional level မှာ Essentials Module မှ (၂) ဘာသာနှင့် Optional Moduleမှ (၂)ဘာသာ၊ စုစုပေါင်း (၄)ဘာသာကို ဖြေဆိုရမှာဖြစ်ပြီး၊ အောင်မြင်သွားရင် ACCA Affiliate status ကို ရရှိမှာဖြစ်တယ်။ ဖြေဆိုရမယ့် ဘာသာတွေက
ACCA လေ့လာပြီးမြောက်ဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ?
ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုပေါ် မူတည်ပြီး အချိန်ကတော့ ၂နှစ်ခွဲကနေ ၄နှစ်လောက် အထိကြာနိုင်ပါတယ်။
B.SC (Hons) Degree in Applied Accounting
ACCA Fundamental Level – 9 Papers အား ဖြေဆိုအောင်မြင်ပြီး၍ အောက်ပါ အချက်အ လက်များနှင့် ပြည့်စုံပါက Oxford Brookes University(UK) မှ ပေးအပ်သော B.Sc (Hons) Degree in Applied Accounting ကို လျှောက်ထားနိုင်ပါသည်။
Diploma in International Financial Reporting ( DipIFR)
ACCA အတွက် Exemption လျှောက်ထားနိုင်သော ဘာသာရပ်များမှာ
Education Qualification | Exempted Papers |
CPA | AA |
B.Com | AB, MA, FA, LW |
Dip in Accounting (DA Myanmar) | MA, FA |
BA (Eco), BA(BM), B.Ecom(Eco), BBM | AB |
MBA | AB, MA, FA |
DipIFR | FR |
Registration Fees, Annual Fees သွင်းခြင်း
ACCA နှင့် Dip IFR Registration ပြုလုပ်ရန်အတွက် လိုအပ်သော အချက်အလက်များ
မှတ်ချက်